7.7.15

ကွန်ပြူတာ အကြောင်း

ချစ်သူငယ်ချင်းရေ...သိသလောက်လေးတော့ဖြေပြထားပေးတယ်နော်


ကွန်ပြူတာတစ်လုံးကိုဝယ်ယူတော့မယ်ဆိုရင် အရေးကြီးတာက Motherboard ဖြစ်တယ် Motherboard မှာလည်းပထမဆုံးစဉ်းစားရမှာက Chipset ပါပဲ့ အခုချိန်မှာ Intel 945 ကိုအနိမ့်ဆုံးထားပြီး ငွေကြေးတတ်နိုင်ပါကIntel 965. Intel G31,Intel G35, Intel P35,Intel P45 စသဖြင့် ကိုယ်ငွေတတ်နိုင်သလောက်ကိုချက်ချိန်ပြီး Board အမြင့်များကို ၀ယ်ယူနိုင်တယ်
ပြောချင်တာကတော့ Edit လုပ်မည်ဆိုလျှင် အနည်းဆုံးတော့ 945 Chipset တော့ဖြစ်သင့်တယ်လေ ပြီးမှ Board ကိုစဉ်းစားရမယ် MSI, ASUS, Gigabyte, Foxcom, Intel စသဖြင့် မိမိနှစ်သက်အားသန်ရာ ၀ယ်ယူနိုင်ပါတယ် ဒီနေရာမှာ ဈေးနှုန်းကိုမစဉ်းစားပဲ Warranty များသေားပစွည်းကို ဦးစားပေးရွေးသင့်ပါတယ်
ဒုတိယ အရေးကြီးစဉ်းစားရမှာက ကွန်ပြူတာရဲ့ဦးနှောက်လို့ခေါ်တဲ့ CPU (Processor)ပါ ကွန်ပြူတာတစ်လုံးရဲ့ မြန်နှုန်းနဲ့ မော်ဒယ်ကို သူနဲ့တိုင်းတာဆုံးဖြတ်တာပါ အခုချိန်မှာ အနှိမ့်ဆုံးDual Core ကိုစဉ်းစားသင့်ပါတယ်
Speed ကိုတော့ ထားလိုက်ပါ တတ်နိုင်လျှင် Core 2 Duo ကိုစဉ်းစားသင့်တယ် Editing လုပ်ဖို့ဆိုရင်တော့ Celeron ကို မစဉ်းစားနဲ့ပေါ့
Hard Disk တို့ Memory တို့ကတော့ နှောင်ငွေကြေးတတ်နိုင်က ထပ်တိုးဖြင့်နိုင်ပေမယ့် Board နှင့် Processor ကတော့ထပ်မမြင့်နိုင်တော့ပါ
နှစ်ခုစလုံးအသစ်လဲဝယ်ယူမှသာဖြစ်နိုင်သည်.အဲဒါကြောင့် မြင့်နိုင်သမျှမြင့်ထားပါက
ပိုကောင်းပါတယ် မိမိ ကွန်ပြူတာဝယ်တဲ့အချိန် Board ကိုချိုထားခဲ့ရင် Upgrade လုပ်တဲ့အခါ Board ကေားMemory ပါလဲလိုက်ရပါသည်
အခုချိန်မှာ 775 နည်းပညာသုံး DDR2 Board ဖြစ်သင့်ပါသည်။
Memory ကိုတော့ ပမာဏအနေဖြင့် 1 GB ဖြစ်သင့်ပါတယ် တတ်နိုင်လျှင် 2 GB, 4 GB, ရှိထားသင့်တယ် Speed ကိုတော့ အနည်းဆုံး 800 MHz ထားပါ
ဒါမှမိမိ စက်မှာ Video File တွေ Render လုပ်တဲ့အခါ Memory များလေ မြန်ဆန်လေဖြစ်မှာပါ..
Graphic နှင့်ပတ်သက်ပြီးအနည်းငယ်ပြောစရာရှိပါတယ် ကျွှန်တော်အပေါ်မှာပြောတဲ့ 945 Board များတွင် graphic memory on board 128 mb ပါရှိပါတယ်
G31 Board များတွင်graphic memory on board 256 MB ပါရှိပါတယ်
သာမာန်လုပ်ငန်းသုံး အိမ်သုံးလောက်ကတော့ Built-in Graphic နဲ့ပင်လုံလောက်ပါတယ် Graphic On Board များတွင် GPU ကတော့Intel ပါပဲ့....
ကဲ.....သူငယ်ချင်းရေ.....လက်တွေလည်းညောင်းလာပြီ ရေလည်းငတ်နေပြီနော်
ကျွှန်တော်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီကနေ ဖတ်ထားမှတ်ထားတာလေးတွေကို ကျွှန်တော်သိရသလောက်လေး ပြန်ရှင်းပြပေးတာပါနော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks