10.5.16

Window 7 Myanmar font and Keyboard

ကျွှန်တော် ဘလောကာဆိုဒ်မှာ ပို့(စ်) မတင်ခဲ့တာအတော်ကိုကြာသွားပါပြီ အခုပို့(စ်)လေးတစ်ခုတော့တင်ပါရစေ
ကျွှန်တော်ဘာလို့ဒီပို့(စ်) ကျွှန်တော်က net ဆိုင်မှာအလုပ်လုပ်တဲ့ အလုပ်သမားပါ
ဆိုင်မှာအရင်က စက်တွေအားလုံး မြန်မာစာရေးဖတ်လုပ်လို့ရပေမယ့် နောက်ပိုင်း ထိန်းစက်မှာ window ပြန်တင်ပြီးကတည်းက
မြန်မာစာပျောက်သွားခဲ့ပါတယ် ဆိုင်ထဲစက်လာသုံးတဲ့သူတိုင်းလည်း မြန်မာစာရေးမရတဲ့ ပြသနာကြောင့်
ဆိုင်မှာ လူဝင်နဲလာတော့ ကျွှန်တော်ဗျာများရပြီလေ တစ်ခုရှိတာက ကျွှန်တော်လုပ်တဲ့ဆိုင်မှာ ရေးကြီးတဲ့ နေရာတွေကို ထိန်းစက်ကနေ pass..နဲ့ပိတ်ထားတော့
မိမိလိုချင်သလိုလုပ်ဖို့ခက်တွေ့စေခဲ့တာပါ ဘယ်လိုပဲ့လုပ်လုပ် computer reset ချပြီး windowပြန်တက်လာရင် ထိန်းစက်က သတ်မှတ်ထားတဲ့အတိုင်း ပြန်ဝင်လာခဲ့ပါတယ်
ထိန်းစက်ရဲ့pass ကိုကျွှန်တော်ကိုတိုင်လည်း မသိခဲ့ပါဘူး အဲဒီတော့ ကျွှန်တော်ဘာလုပ်ရမှန်းမသိအောင်ပဲ့ဖြစ်ရပါတယ်
online ပေါ်ခင်နေတဲ့ ကိုယ်ထက်ကျွှမ်းကျင်တဲ့သူတွေဆီလိုက်မေးလိုက်အကူညီတောင်းခဲ့ပါတယ် သူတို့ညွန်တဲ့အတိုင်း လိုက်လုပ်ကြည့်လည်းအဆင်မပြေပါဘူး
ဒီလိုနဲ့ပဲ့ အချိန်တွေအတော်အတန်ကိုကြာသွားခဲ့ပါတယ်
ကျွှန်တော်ကိုယ်တိုင်ကလည်းကွန်ပြူတာပညာကို သင်တန်းတွေတက်ပြီးစနစ်တကျသင်ယူထားတာမျိုးမဟုတ်တော့
ဒီအတိုင်းပဲ့လွတ်ထားခဲ့ရတာပါ ကျွှန်တော်အတွက် တစ်ခုကံကောင်းတာက ကျွှန်တော်သိချင်တာတစ်ခုရှိပြီဆို မသိရမခြင်း ကျွှန်တော်လက်လှမ်းမီသလောက် ကလိနေတတ်တယ်
ဒီလိုပဲ့နေရာတစ်ခုပြီးတစ်ခု စမ်းပြီးကလိရင်းနဲ့ကျွှန်တော်သိလိုက်ရတယ် ကျွှန်တော်အရမ်းပဲ့ပျော်သွားခဲ့တာပါ အဲဒီတော့ ဘလော့ကာဆိုဒ်တွေတိုင်းလိုလိုမှာ
ကွန်ပြူတာအတွက်မြန်မာစာကိုဘယ်လိုထည့်ရတယ်ဆိုတာ တင်ထားကျပါတယ် ဒါပေမယ့် ကျွှန်တော်အလုပ်လုပ်တဲ့ဆိုင်မှာ စက်လာသုံးတဲ့ ဘော်ဘော်တွေအတွက် ဟိုနေရာတစ်ခုဒီနေရာတစ်ခု
လိုက်မရှာရပဲ့ တစ်စုတည်းလေးဖြစ်နေရင် ပိုပြီးသူတို့အတွက်လွယ်ကူမလား တွေးမိပြီး Computer myanmar font ကိုထိန်းစက်တွေဘယ်လိုထိန်းထားပါစေ ရှောင်ကွင်းပြီး သုံးပြုလို့ရတယ်ဆိုတာကို
ကျွှန်တော်သိသလောက်လေး တင်ပါရစေနော် လာလည်ကျတဲ့ ဆရာကြီးများလည်း ကျွှန်တော်အပေါ် အမှားတွေ့က အပြစ်မမြင်ပဲနားလည်ပေးကျပါလို့
ကြိုတင်လို့တောင်းပန်လိုက်ပါတယ် အခုကျွှန်တော်သုံးနေတာ window 7 64 bith ပါ ဘယ်လိုလုပ်ရမယ်ဆိုတာလေးစလိုက်ရအောင်နော်

ပထမဆုံး မြန်မာစာမြင်ရဖို့အတွက် Zawgyi font ကို ကျွှန်တော်တို့ဒေါင်းရပါမယ်
နောက်တစ်ဆင့်အနေ့နဲ့ စာစီစာရိုက်လုပ်နိုင်ဖို့အတွက် zawgyi keyboard ကိုဒေါင်းယူရပါ့မယ်
ဒါကပုံမှန်အားဖြင့် ကွန်ပြူတာတွေအတွက်လုပ်ရိုးလုပ်ထုံးတစ်ခုပါပဲ ထိန်းချုပ်မှု့တွေကို ရှောင်ကွင်းပြီးအသုံးပြုနိုင်ဖို့အတွက်
ကျွှန်တော်တို့က zawgyione နေရာမှာ smart zawgyi pro...ကိုစားထိုးသွားရမှာပါ အဲဒီလိုပါပဲ့ စာစီစာရိုက်အတွက်zawgyi-keyboard-layout
ကိုသုံးပြုရမှာဖြစ်ပါတယ် ကျွှန်တော်အောက်မှာပုံနဲ့ပြပေးပါ့မယ်...

zawgyi ကိုတော့ပုံမှန်အတိုင်းပဲ့ install မောင်းလိုက်ပါ
zawgyi-keyboard layout ကို install လုပ်တဲ့အခါ အောက်က ပုံမှာပြထားသလိုလေးမှတ်ချက်ထည့်ဖို့မမေ့ပါနဲ့နော်....




 သက်ဆိုင်သည့် font နဲ့keyboard ကို ဒီအောက်မှာ ဒေါင်းယူနိုင်ပါပြီ...

 Download....................
       
         zawgyi-one_ttf

         Smart zawgyi_Pro.ttf

       zawgyi_keyboard-layout

       Arial_zawgyi

     IEzawgyi_Gtalk font 

အားလုံးကျေနပ်ပျော်ရွင်နိုင်ကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်...
Blogger Tips and TricksLatest Tips And TricksBlogger Tricks